Song
ကိုယ် သေဆုံးသွားပေါ့ အချစ်ရယ်…
ကိုယ့်အတွက်
ကြေကွဲတဲ့သီချင်းကို မဆိုပါနဲ့။
နှင်းဆီသစ်ပင်တွေ…
အရိပ်ကိုင်းကိုင်း ထင်းရှူးပင်တွေကိုလည်း
မစိုက်ပါနဲ့။
မြက်ခင်းစိမ်းစိမ်းကသာ
ကိုယ့်အပေါ်မှာ
နှင်းမှုန်မိုးစက်တွေနဲ့ စိုယိမ်းနေပါစေ…
မင်း… ကိုယ့်ကို သတိရရင်လည်းရပါ။
ဒါမှမဟုတ်… မေ့ရင်လည်းမေ့လိုက်ပါ။
ကိုယ်ကတော့ အရိပ်တွေကိုလည်း မမြင်နိုင်တော့ဘူး။
မိုးရဲ့ ရသကိုလည်း မရတော့ဘူး။
နိုက်တင်ဂေးရဲ့ ပရိဒေဝတေးသွားကိုတောင်
သူ… ဆို… လည်း ကိုယ် မကြားနိုင်တော့ဘူး။
နေဝင်းခြင်းလည်းမရှိ၊ နေထွက်ခြင်းလည်းမရှိ
အဲဒီလိုဆည်းဆာမှာမက်တဲ့… အိပ်မက်တစ်ခုပေ့ါ။
ကိုယ်… သတိရရင်လည်း ရနေဦးမယ်။
ပြီးတော့… မေ့ရင်လည်း မေ့သွားလိမ့်မယ်ကွယ်…။
“A Song by Christina Rossetti”
“ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေး” မှ