မျှော်
မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့
ကြိုးစင်ရိတ်ဝယ်
ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။
ပိတ်မထားရသေးတဲ့
သားကြီးတို့ရဲ့ ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေ မျက်ရည်ဝဲရော့မယ်။
ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ့ လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမ္ဘာမကြေဘူး
ဘီလူးတခေတ်၊ ဒေါင်းတခေတ်။
တနေ့နေ့လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်ခွင်မှာ ထွေးလို့ကြိုပါ မေမေရယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့
ကြိုးစင်ရိတ်ဝယ်
ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။
ရွှေဘုန်းလူ