စုန်းတိုက်ခံရတဲ့နေ့ Aug 5, 2007 သူများ ဝတ်ထားပြီးသား မျက်နှာအဟောင်းကြီးနဲ့တော့ ဘဝမှာ လူမလုပ်ချင်ဘူး လံကွတ်တီစော် နံတယ်။ ကဆုန်ပေါက် ပြေးနေတဲ့ အုန်းခွံရောင် တိမ်တစ်စင်းရယ် မန်းမှုတ်ပြီး ငါပစ်ဖမ်းလိုက်တဲ့ ကြိုးကွင်းတန်းလန်းရယ် လောကဟာ နေရတာ မလျော့မတင်းကြီးပါပဲကွယ်။ တာရာမင်းဝေ