ကြာခဲ့ပြီ
တစ်နေ့ပြီး တစ်နေ့ ဆိုနေရတဲ့ သီချင်းပေမယ့်
မပျင်းပါဘူး
ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့
အဲဒီလို မပြောကြပါနဲ့ ..။
တောင်စွယ်မှာ နေကွယ်တာကို မြင်သားပဲ
ဘာဖြစ်လဲ
အဲဒီ ဓားက မလွဲခဲ့ဘူးဆိုရင်တောင်
ငါကလည်း မပြိုလဲ ခဲ့ပါဘူးကွယ်။
ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာ ကြာပြီ
တစ်ယောက်တစ်လမ်းစီ မသွားရတာလည်း ကြာပြီ
ကိုယ်ကတခြား သူကတခြား ဖြစ်ခဲ့ကြပေမယ့်
ဘယ်သူကမှ မလွဲမှားခဲ့ကြတာလည်း ကြာပြီ …
ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လိုပြောပြော
ငါ့အတွက်တော့
နေသံ လသံ ရောနေခဲ့တာလည်း … ကြာပြီ။
တာရာမင်းဝေ