တွေ့ကြတော့လည်း အဲဒီသီချင်းကြီးဟာ မျက်နှာမသာမယာနဲ့
ဝို့ဝို့ဝေးဝေး အသံပြုလို့ ကျွန်တော့်ကို တံတျာတေရှင်တယ်
စိတ်ရှည် လက်ရှည် နောက်ဆုတ်ပေးပြီး နားချဉ်ခဲ့တယ်။

မရဲပဲ ရင့်တဲ့ အတင်းပြောသူတွေနဲ့လည်း ဆုံတယ်
စာမျက်နှာကို သေနေတဲ့ ဗုံလို တီးခတ်ပြီး လက်ရုံးရေးပြတယ်
အဲဒီအချိန်မှာပဲ .. တော်တော့ .. တော်တော့ လို့
ကုလားအုတ်ကြီး တစ်ကောင်က အောက်အီးအီးဝင် “ အွတ်” တယ်
ပြီးမှ သူတို့ချင်း မိတ်ဖြစ် ဆွေဖြစ် စကားဆက်များတယ်။

ကိုယ့်ကြောင့်ပဲ သူ့ကိုယ်သူ သီးခံထားရသလို ဘတ်စကားက ပြောတယ်
ဝါသနာပါတိုင်း ရွှေမန်းတင်မောင် လုပ်လို့မရမှန်း သူမသိဘူး
စာရေးကြီးကလည်း ဒဿန ဟပြဲနဲ့ တစ်ခရီးစာနေထိုင်တယ်
ကျွန်တော်ကလည်း လူပဲ နည်းနည်းနဲ့ကြဲကြဲတော့ စိတ်ညစ်တယ်။

အိမ်ရောက်ပြီ
ကိုယ့်ကိုဖွင့်တဲ့သော့ကလေး ကိုယ်ပြန်ကောက်ရလိုက်ပြီ
၁ ၁/၂ လ ရှိတဲ့သားကလေးက ‘ အေး … အေး ” လို့ လှမ်းခေါင်းညိတ်တယ်
ချမ်းမြေ့လိုက်တာကွယ် ခုမှပဲ အမောတွေ တဗောက်ဗောက် ကွာကျတယ်။
စိတ်ချသား
အဖေ အိမ်ကိုပြန်လာခဲ့ပြီပဲ .. တခြား ဘယ်ကိုမှ မပြန်တော့ဘူး။

တာရာမင်းဝေ