ပထမမြောက် ရဲရင့်ခြင်းအဖြစ်
အမေက ငါ့ကိုဆွဲဖွင့်တယ်
ယမမင်းရဲ့ သြဝါဒက ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့ ..

ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချပ်တွေတစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓားသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီတဲ့။

ငယ်ငယ်ဝံ့ဝံ့လောကဓံနဲ့
ဆောင်းဦးလေပြေကိုပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့ ဝှက်ထားတဲ့ ဗြတ်စောင်းပဲ။

သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆံလို ငါဂူအောင်းဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့အသံများ
နက္ခတ်ဦးလို ပျံစေသား…။

တာရာမင်းဝေ